top of page
Search

USCISက သင့်ထံကိုလာတဲ့စာတွေထဲမှာဒါတွေမြင်ရင်အမြန်စလိုက်တော့….”


Pending တယောက်ဖြစ်ခဲ့ရင်…ပေါ့။

ငိုနေလို့မပြီးဘူ။


စာရှည်ပေမဲ့မင်းကိုကယ်မဲ့ဆေး။ပြီးအောင်ဖတ်။ရအောင်လုပ်။ဒါဘဲမင်းမှာထွက်ပေါက်ရှိတော့တယ်။

“USCIS / EOIR Notice Immediate Action”

မင်းဒါတွေသိလို့စလုပ်ရင်အောင်ပါပြီ။


မေတ္တာကကြိုဆိုလိုက်ပါတယ်။


ခုတလောမေတ္တာကိုရောက်လာတဲ့ဒုက္ခနေသူတွေ။ဖမ်းခံရသူတွေ၊အောက်ရုံးမခေါ်ဘဲတရားရုံး တန်းတင်ခံရသူတွေ…


များလွန်းလို့ သူတို့။ ရူးမရူးမသိပါဘူး..မေတ္တာကိုယ်တိုင်တော့ ရူးတော့မလိုဖြစ်နေလို့ ..

အမြန်အောင်ရေးစီမံကိန်းကြီးပေးလိုက်ပြီ။


(လာတဲ့စာတွေကို အမြန်ကြည့် ကြဖို့။သေချာစစ်။စနစ်နဲ့ချ။မလွဲမသွေလုပ်မှရတော့မယ်။စိတ်ညစ်

ရင်း။အလုပ်လုပ်ရင်းရှေ့နေဘိုးငွေနဲနဲခြင်းစု။ကဲ!!!


️ဘာတွေက စကြမလဲ??

ပညာပေးဖြန်ဝေလိုက်တာနော်..

“လုံးဝကိုမအောင်နိုင်ပါဘူး”ဆိုတဲ့လူတွေတောင်အောင်ကုန်ကြပြီ။အရမ်းလိုက်နာလို့။ကြိုးစားလို့။

အားလုံးရဲ့သော့ချက်က Amendment ဘဲ။USCIS ဥပဒေကြီးကိုက ဘာပြီးဘာလုပ်လမ်းကြောင်းကြီးပြပြီးသား။


နှစ်ပေါင်း(၂၀)နီးပါးကြုံတွေ့ခဲ့ရတဲ့

ရလာဒ်တွေထဲက အကျိုးတရားများကဒီကနေ့အခက်ခဲတွေနဲ့လူတွေကိုကျော်ဖြတ်စေနိုင်ပါပြီ။ဒါတွေနဲ့အထောက်ကူပြု ကာကွယ်ပေးရင်း..မေတ္တာကစနစ်တကျထပ်ကူလိုက်ပြန်ပြီ။


ဥပဒေပိုင်းနဲ့ပတ်သက်သမျှကိုတော့မေတ္တာရှေ့နေများသာမက သင့်အနီးရှိရှေ့နေများနဲ့မဖြစ်မနေဆက်လက်ဆွေးနွေးကြပါ။


”USCIS က စာရောက်လာတာနဲ့ ချက်ချင်းထလုပ်ရမယ့် အချက်10 ချက်”ရှိပါတယ်။သိကောသိကြရဲ့လာ??မသင်ခုစလိုက်ပါ။


1. စာရတဲ့နေ့ကို မှတ်တမ်းတင်ပါ။

(envelope, email, USCIS account screenshot မိတ္တူတခါထဲကူး။)


2. စာအမျိုးအစားကို ခွဲ (RFE / NOID / Referral Notice / NTA / Notice of Hearing / Final Denial / IJ Order / BIA Decision )


3. Deadline ကို ချက်ချင်း highlight လုပ်

(response must be received by” သို့ “hearing date” တွေ့ရင်သေချာမှတ်)


4. A-Number, Receipt Number, Name, DOB, Address ငါ့ဟာလားပြန်စစ်ပါ။

 typo/mismatch )ရှိမရှိကြည့်)


5. အမှုလမ်းကြောင်းကဘာလဲ)

(USCIS affirmative case လား၊ EOIR court case လား၊ detention case လား။)


6. မူရင်း I-589 + statement + prior amendments + evidence ငါ့မှာရှိသမျှအားလုံးစစ်)


7. Notice ထဲက အကြောင်းပြချက်ကို line-by-line သေချာဖတ်။(USCIS/EOIR က ဘာပြဿနာရှိတယ်လို့ရေးထားလဲ?မသိရင် မေတ္တာကိုမေး။)


8. Original vs Problem vs Correction vs Evidence Table စလုပ်တော့။


9. ရှေနေနဲ့သာချက်ချင်းစ။

(legal strategy/pleadings/court representation ကို ရှေ့နေကလွဲမရ)


10. “written action plan “လုပ်ပြီး deadline calendar + backup reminder စလိုက်တော့။

ဒါတွေမစနိုင်ရင်မီးလောင်တာထက်ပူရနိုင်ပါတယ်။ဒါတွေကိုတခုစီခွဲရှင်းပြမယ်။တဆင့်ပြီးတဆင့် သေခြာကြည့်ပါ။မှတ်ပါ။လုပ်ပါ။


စာတွေကိုသုံးသပ်ခြင်း


အဆင့်၁/-NOID စာရရင်ဘာစလုပ်မလဲ?

NOID = “Notice of Intent to Deny”

အင်တာဗျုးရပြီးဒီစာလာရင် မေတ္တာသမိုင်းမှာ တော့ဒီလူအောင်ဖို့၇၀./.ပါဘဲ။မိမိရှေ့နေကစကူနိုင်ဖို့ ၊လိုတာတွေပေးနိုင်ဖို့ ၊စကြိုးစားပါ။ဒါက final denial မဟုတ်ဖဲ ဘာကြောင့် USCIS က deny လုပ်ရမယ်လို့ ပြောပြီး အမှုဘသည်ဘက်က rebuttalနှင့် evidence တင်ဖို့ အခွင့်ပေးလိုက်တာဖြစ်တယ်။


မေတ္တာအမှု့သည်တွေက တော့ဒါ

ရရင် ”ဟေး!အောင်တော့မယ်ဟေ့”ဆိုပြီး

ရှေ့နေ ၊မေတ္တာ၊နဲ့ client တို့စာမျက်နှာ၃၀လောက်၁၀ရက်အတွင်းရူးမလောက် အမြန်လုပ် ပြန်တင်ကြရပါတယ်။စာတွေတကယ်တမ်း (၃၀)မကဘူး။နောက်ဆံုးမှာ အောင်ကြပါတယ်။


ဒါပေမဲ့သတိပြုရမှာက

“အချိန်ရတာ။(၁၆)ရက်ဘဲ”ဒါကအသက်

မေတ္တာရှေ့နေကတကယ်လုပ်ရပါတယ်။

Client ဘက်ကလိုတဲ့သက်သေခံတွေမပေးနိုင်ရင်နားတော့။

NOID ထဲက reason တစ်ခုချင်းစီကို နံပါတ်တပ် တချက်စီပြန်တင်၊သက်သေပြဒါပါဘဲ။


* တစ်ချက်ချင်းအတွက် “Agree / Incorrect / Needs clarification / Missing evidence” ခွဲတယ် ။


* Original I-589 နဲ့ interview notes နဲ့သေချာနှိုင်းယှဉ်တယ် ။


* Contradiction ကွဲချက်ရှိရင် ဘာကြောင့်ဖြစ်တယ်ဆိုတာရှေနေကအဖြေရှာပေးတယ်။


* အမှု့သည်ကSupporting evidence ရသမျှစုပေးတယ် ။


* Response ကို NOID order အတိုင်း point-by-point client ကပြော၊မေတ္တာကမှတ် ။ရှေ့နေဆီပို့။


* အားလံးကDeadline နေ့ကို စက္ကန်နဲ့သွား။တကယ်ရတာက၁၀ရက်။(ရဖို့တော့တကယ်ခက်ပါတယ်။)


(အရေးကြီး:တာက NOID ရခဲ့ရင် statement ကိုအသစ်တစ်ပုဒ်မဖန်တည်းပါနဲ့ အသက်ကသေခြာမှတ်ပါ။


၁-Response တခု→ Evidenceတခုနဲ့ပြန်ရေးမှအောင်မှာပါ။ကဲဒါကဖြတ်လမ်းကအောင်ဖိုဘအခွင့်ရေးပေးခံရတဲ့ NOID.


၂-လာပြီနော်..Referral Notice “

ဒါက မင်းကိုတရားရုံးပို့လိုက်ပြီလို့ပြောလိုက်တာမို့ ဒါရရင်တော့မြွေကိုက်ပြီ။ငွေကုန်ပြီ။ရှေ့နေရှာရပြီ။အားလုံးကအရမ်းခက်။


အဲဒီမှာ

Referral = asylum case ကို USCIS က Immigration Court လွှဲလိုက်တာမို့မဖြစ်မနေစရှာရမှာကငွေ။

ပြီးတော့ရှေ့နေ။ဒါကအရေးကြီးလိုသီးသန့်အသေးစိပ်ပြန်ရေးပါ့မယ်။ငွေထက်

အရေးကြီးတာကလူသက်သေနဲ့

စာသက်သေတွေ ပါဘဲ။ဒါကတရားရုံး။


လူသက်သေ Witnessပါတာ အကောင်းဆံု။

Asylum Pending ခြင်အပြန်လှန်ကူခြင်းက၂ဖက်

အကျိုးရှိဆံုးပါ။ ပြီးတော့

စာသက်သေ။အကြောင်းရာတခုတိုင်းကိုပြနိုင်ရမှာ။စဉ်းစားနော်။သတိ။

ရှေ့နေတောင်အမှု့သည်ကပေးနိုင်ရင်

မနည်းလုပ်ရတာ။ရှေနေမဟုတ်တဲ့လဋက။ပွဲစားက၊မသိဘဲဝင်လုပ်နေပြီဆိုရင်

မင်းကိုယ်တိုင်ပြစ်မှု့မြောက်နေပြီ။


စီတီဇင် ရဖို့တကယ်လိုချင်တာမှမဟုတ်တာ။EADကဒ်သာလာယူပြီးငွေလာရှာတာ။မင်းလိုလူတွေကိသတ်ဖို့ပွဲစားဆိုတဲ့လောကကြီးကြီးထွာရှင်သန်ရင်းမင်းတို့ကိုငရဲတွင်းကိုပို့ခံရတာ

မြင်ကြပါအမှန်ကို


။တကယ်လိုချင်ရင် တကယ်လုပ်ဖို့ပညာပေးမျှဝေနေတာ။

စာအုပ်ပြာအတွက်ဆိုမင်းတကယ်လုပ်။အားချင်းစ။မင်းနောက်ကမေတ္တာရှိနေတယ်။

ကဲ!!လာပြီ။ဒုတိယလောင်မဲ့မီး ။လာပြီနောက်တဆင့်။


၃-”Referral Notice “တဲ့တရားရုံးကိုပို့လိုက်ကြောင်းသတိပေးစာ။

ခုချိန်ကတော့ဒါရသူက ရုံးမလာရင်ဖမ်းဘဲ။

ဒီစာထဲက referral reason တွေကိုသိအောင်ဖတ်ပါ ။

* NTA ရှိ/မရှိ ။

* EOIR case docketed ဖြစ်/မဖြစ်

* Hearing Notice ရှိ/မရှိ သေချာ ကို စစ်။

* USCIS မှာတင်ထားခဲ့သော I-589, statements, amendments, exhibits အကုန်တစ်ဖိုင်တည်းစုစည်းဖို့စပါ။ဒီနေရာမှာAmendmentမရှိခဲ့၊မပါရင်နာပြီ။

* USCIS interview မှာ ကိုယ်ဖြေခဲ့တဲ့အချက်တွေပြန်ကိုက်၊လွဲမိတာတွေမှတ်မိသလောက်ချရေးထား ။problem areas ကို ပြန်စစ်။ရှေနေ့ကိုပြောပြ။(Court Correction တွေရသလောက်ပြင်နိုင်ဖို့)

* Court attorney(DHS)ထံ အမှုလွှဲနိုင်ဖို့ဖိုင်သစ်တခု preparation packet ပြင်

နိုင်ရေနေနဲ့အမြန်တိုင်ပင်ပါ။ဘာလုပ်ရမှန်းကိုမသိလို့ခေါင်းငိုက်စိုက်နဲ့အလုပ်သွား ငွေရှာဒါအဖြေမဟုတ်။

* အရေးကြီးဆုံးကAddress မှန်မမှန်စစ်။လူတိုင်းပြောင်းလိုက်ရတဲ့နေရာ။ကားလိုင်စင်ကတနေရာ။တရားရုံးကတနေရာ။လိပ်စာပြောင်းမရှိရင်သေဖို့။

Referral လာပြီး ရင်NTA ကို EOIR မှာ file လုပ်ပြီးတာနဲ့ court proceedings စပါပြီ USCIS က I-589 record ကို court ကိုပို့ပါလိုက်ပြီ။



၄/-အခုရတာက NTA ။

“ဝရမ်းလာတာမို့ဖမ်းမယ်ဆိုတာချည်းလို့မှတ်။

NTA = Form I-862, Notice to Appear

(မင်းမဖြစ်မနေလာကိုလာ ဒါဘဲ။ တဖက်

သတ်အမိန့်ကကြောက်စရာကြီး။)မင်းမလာရင်.??

 NTA ရလာတာနဲ့ စစစ်ရမယ့် အချက်(7 )ချက်ရှိတယ်။

Allegationဆိုတဲ့မင်းကိုစွပ်ဆွဲထားတဲ့အချက်တခုစီကို 1, 2, 3… 4..နဲ့ တစ်ကြောင်းချင်းစစစ်ပါ။


၁-Charge of removability က ဘာ INA section ကဘာလဲ။

၂-Entry date / visa category / authorized stay date မှန်မမှန်စစ်ပါ။

၃-Address သေချာစစ်ပါ။

၄-Hearing date / time / court address အထပ်ထပ်စစ်ပါ။

၅-EOIR docket status စစ်ပါ။

၆-ရှေ့နေကို ရုံးတင်ဖို့ record အပြည့်လက်

နှက်အစုံငါပေးခဲ့ရဲ့လား။ရှေနေကိုတိုက်ပွဲထဲလက်ဗလာနဲဲ့လွှတ်လို့ကျရင်သူ့အပြစ်လားငါ့အပြစ်လားစဉ်းစားပေါ့)

NTA ထဲမှာ Calendar ၊ Master ၊Merit Hearing ရက်၊ အချိန်၊ ပါလို့မပျက်မကွက်တက်ပါ)ဒါမှImmigration Court က Notice of Hearing ထပ်ပို့မှာပါ။



၅/Notice of Hearing ရလာရင်ဘာလုပ်ရမ

လဲ??တရားရုံးအလုပ်ကြီးစတင်ပြီ။

အားချင်းစပါတော့။၃-ဦးညီမှရပါမယ်။

မိမိ၊ရှေ့နေ၊ကိုယ့်case ပြင်ဆင်သူcase Manager (ဥပမာမေတ္တာ)

Hearing date / time / location ကို သေချာမှတ်။Countdown ရေတွက်နေ။

In-person လားOnlineလားမေး။)

* ဒါကMaster Calendar Hearing လား၊ Individual or Merits Hearing လား ခွဲပါ။

* Filing deadline ကို အမြဲတွက်ပါ။

* Prior court order တွေရှိရင် သီးခြားထပ်စစ်ပါ။

ပထမဆုံးအကြိမ် Master Hearing မှာ IJ ခေါ်တရားသူကြီးက ကိုယ့်rights တွေကိုရှင်းပြပြီး NTA allegations နဲ့ removability charges အပေါ် pleadings ယူနိုင်ကြောပြောမယ်)

ဖမ်းခံထားသူမဟုတ်ရင်master calendar filings အချို့မှာ ruling ကို ကြိုတောင်းမယ်ဆိုရင် 15 days advance deadline ရှိနိုင်ပြီး individual hearing filings တွေအတွက် 30-day deadline ရှိတယ်။

ထောင်သမားများဆိုရင်detained cases မှာ court က သီးခြား deadline သတ်မှတ်

နိုင်လို့အမြဲကြည့်ပါ။



၆/-ကတော့ Final Denial ရပြီဆိုရင်တော့….

Final denial date မှတ်ပါ။

* NOID ရှိခဲ့/မရှိခဲ့ စစ်ပါ။

* NOID response နဲ့ final denial reason နှိုင်းယှဉ်ပါ။

* Client status ကိုစစ်ပါ။

* NTA issue/referral/court proceeding ရှိမရှိ စစ်ပါ။

* Reopen/reconsider/appeal/other remedy ရှိနိုင်မရှိကို attorney/qualified representative နဲ့ ချက်ချင်း review လုပ်ပါ။

* Deadline ကို decision notice အတိုင်း

အမြဲလိုက်စစ်ပါ။မေတ္တာကတောဒီအဆင့်မှာပြီးသွာအောင်သွားကြပါတယ်။

တရားရုံးပထမဆင့်ကျရင်ဒုတိယ

ဆင့် က BIAသွားတော့ပေါ့။BIAကဘာလဲ?ဒါကနဲနဲကြာဦးမယ်။ခုဟာက တရားစီရင်ခွင့်အဆင့်ဆင့်မရှိတော့ဘဲ ချက်ခြင်းပြန်လွတ်နေပြီမို့နောက်တခါရေးရမှာကဘယ်အချိန်

အမြန်နယ်နှင်ဒဏ်ပေးခံရလဲအသေးစိတ်ပြန်ရေးပါ့မယ်။

လိုက်နိုင်ကြပါသလား??

ကိုယ်စိုက်တဲ့အသီးကိုယ်ပြန်စားကြရအောင်..

ပြန်တွေ့ကြမယ်လေ။



မေတ္တာများနဲ့

မေတ္တာအဖွဲ့


 
 
 

Comments


MYTTA Foundation
MYTTA ဖောင်ဒေးရှင်း
ဆက်သွယ်ရန်လိပ်စာ:

Main Headquarters:

New York, NY
8015 17th Ave, Brooklyn, NY 11214

MYTTAFOUNDATION.NYC@gmail.com

+1(929) 370 6579

​ရုံးဖွင့်ချိန် :

©မူပိုင်ခွင့် MYTTA Foundation 

သတိပေးချက်: 

MYTTA Foundation သည် ဥပဒေရေးရာကိုယ်စားပြုမှု လိုအပ်သည့်အခါတွင် လိုင်စင်ရ လူဝင်မှုကြီးကြပ်ရေး ရှေ့နေများနှင့် ရှေ့နေကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိပါသည်။ ဤပူးပေါင်းဆောင်ရွက်မှုသည် လူပုဂ္ဂိုလ်များအနေဖြင့် ရပ်ရွာအခြေပြုပံ့ပိုးမှုနှင့် လိုအပ်သည့်အခါတွင် အရည်အချင်းပြည့်မီသော ဥပဒေပညာရှင်များနှင့် ဆက်သွယ်ခွင့်နှစ်မျိုးလုံးကို ရရှိစေရန် ကူညီပေးပါသည်။

ကိုယ်ရေးအချက်အလက်မူဝါဒစည်းမျဉ်းအခြေအနေများ

  • Facebook
  • Instagram
  • Youtube
  • TikTok
bottom of page